မြစ်ကြီးနားမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုးမွေးမြူရေးသင်တန်း (ပိုးစာနှင့် စိုက်ပျိုးမွေးမြူရေးသင်တန်း) ဖွင့်လှစ်
ကချင်ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူး၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ပိုးမွေးမြူရေးသင်တန်း (ပိုးစာနှင့် စိုက်ပျိုးမွေးမြူရေးသင်တန်း) (၁/၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက မန်ခိန်ရပ်ကွက်ရှိ မြစ်ကြီးနားမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါးနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ပိုးစာခြံသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။