ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကချင်ပြည်နယ်၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲများသို့ တက်ရောက်
ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဇွန် ၂၆ ရက်နေ့အထိ သတ်မှတ်၍ နိုင်ငံတစ်ဝှမ်းလုံးတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျောင်းသား/ ကျောင်းသူလေးများက “ဒို့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။