မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မတည်ထောက်ပံ့ငွေများပေးအပ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း(ဒုတိယ နှစ်စက်ဝန်း) မတည်ငွေထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပသည်။