ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာရှိ ပလနစိန်ဂျိုးဇက်စခန်းမှ နေရပ်အသီးသီးသို့ ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လတ်တလောနယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ရွှေ့ပြောင်းနေထိုင်သူများအား အမိုး၊ အကာဖြင့် နေထိုင်စားသောက်မှုအဆင်ပြေစေရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ မေ ၁၆ ရက် ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပလနစိန့်ဂျိုးဇက်စခန်းမှ နေရပ်အသီးသီးသို့ ရွှေ့ပြောင်းနေထိုင်ကြမည့် မိသားစုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့သည်။