မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
မူးယစ်ကင်းစင်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။