ကချင်ပြည်နယ်

မိုးမောက်မြို့၊ ကြံခင်းကျေးရွာ၌ ဆောင်းသီးနှံ သီးထပ်မြေပဲ စိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှု

ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ် နိုင်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မံပုံကျေးရွာအုပ်စု ၊ ကြံခင်းကျေးရွာ ပိတောက်ရိပ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းရှိ အသင်းသား တောင်သူများ၏ ဆောင်းသီးနှံသီးထပ်အဖြစ် မြေပဲစိုက်ပျိုးထားရှိမှု အခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။

နောင်မွန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် စည်းလုံးညီညွတ်မှုကို အလေးထားလာစေရန်နှင့် စည်းကမ်းပြည့်ဝ ၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်ပသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ် တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂) ရက် ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

နောင်မွန်းမြို့နယ်၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂါလံ၂၀၀၀ဆံ့ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ၂"(PVC)'(၁)မိုင်စိမ့်စမ်းရေသွယ် တန်းခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ရက် နေ့လယ် ၁၁ နာရီတွင် ချန်မယကျေးရွာ ၌ကျင်းပသည်။

မချမ်းဘောမြို့နယ်တွင် ( ၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများ စတင်ဖြေဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ (၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ(၁၃)ရက်နေ့ နံနက်(၁၀)နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး ကမ်းနားလမ်းတစ်လျှောက် အမှိုက်များကင်းစင်ကာ သန့်ရှင်းသာယာလှပစေရေး ယမန်နေ့ နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/အမှုထမ်းများနှင့် အတူ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဝိုင်းမော်မြို့နယ်တွင် စပါးခွံလောင်စာသုံး ဆန်စက်လုပ်ငန်းရှင်များအား ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောဆောင်ရွက်

ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်းဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို သက်ဆိုင်ရာ နယ်ပယ်အလိုက် အသိပညာပေး ဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁) နာရီက ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ ဦးအိုက်လောင်း ဆန်စက်နှင့် မုတ်လွဲကျေးရွာနေ ဦးသန်းလွင် ပိုင်ဆိုင်သည့် ဆန်စက်တို့တွင် အသိပညာပေး ဟောပြောပွဲများကို တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ပဲပုတ်စိုက်ဧက (၁၃၇၆၃)ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ပဲပုတ်စိုက်ဧက (၁၃၇၆၃)ဧကထိ စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့၌ ၂၀၂၄ ခုနှစ်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက်(၂၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အလွတ်တန်း/အငယ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိုးကောင်းမြို့၌ ၂၀၂၄ ခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသက်(၂၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အလွတ်တန်း/အငယ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ(၁၂)ရက်နေ့ နံနက်(၉)နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်