ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ အောင်မြင်သာကျေးရွာအနီးရှိ Yup (ယွပ်) Family အပန်းဖြေစခန်းနှင့် Y Garden အပန်းဖြေစခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ခရီးစဉ်ဒေသသစ်များနှင့် အပန်းဖြေစခန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မြစ်ကြီးနား မြို့နယ်အတွင်းရှိ အပန်းဖြေစခန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။