ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာကျောင်းများ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်နှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များကို ယနေ့ညနေ(၃)နာရီက အ.ထ.ကကျောင်းနှင့်အ.မ.က (ကဘရန်ခူးကျောင်း)၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။