ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်လူငယ်ရေးရာအဖွဲ့ဖြင့် ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းရှိ မြက်ခင်းပြင်၌ ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူ က အဖွင့်အမှာစကားပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆုဂုဏ်ပြုသောအားဖြင့် မော်ဖောင်းနယ်မြေ(၈) ငအိုးခေတ်မီစံပြကျေးရွာ၌ ရွာလယ်လမ်းကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်တိုက်သစ် ဖွင့်လှစ်ပေး

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မော်ဖောင်းကျေးရွာအုပ်စု၊ မော်ဖောင်းနယ်မြေ (၈) ငအိုးခေတ်မီစံပြ ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် ရွာတွင်းလမ်းမကြီး ကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်သစ်တို့ကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီက အဆိုပါ‌ခေတ်မီစံပြကျေးရွာ၌ ဖွင့်ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

တနိုင်းမြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း တစ်ရပ်ဖြစ်သော အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက စတင်၍ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆင်ဘိုမြို့၌ ကျင်းပ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့ (Community Centre) ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဆွမ်ပရာဘွမ်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ အရုပ်ခေါက်၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ အရုပ်ခေါက်၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့နယ် ကြာအင်း(၂) ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းနှင့် ဝက်သောက်ချောင်းကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း (၄၀)ရာခိုင်နှုန်းပြီးစီး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မိုးကောင်းမြို့နယ် ကြာအင်း(၂) ကျေးရွာ၌ ကျေးရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းနှင့် ၎င်းလမ်းပေါ်ရှိ ဝက်သောက်ချောင်းအား သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်း(၄၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား မိုးညှင်းတက္ကသိုလ်တွင် ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ (၆)ရက်နေ့ မွန်းလွဲ(၂)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များကို ယနေ့ နံနက် (၁၁)နာရီခွဲက အ.ထ.က ခွဲ (နားခါ) ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်