ဗန်းမော်တက္ကသိုလ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က နမ့်ဖါးရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။