ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ ခရစ္စမတ်နှင့် နှစ်သစ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်း ဝတ်ပြုဆုတောင်းပွဲနှင့် မြစ်ကြီးနားတက္ကသိုလ် အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားများသို့ တက
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ စုပေါင်း၍ ၂၀၂၃ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်း ဝတ်ပြုဆုတောင်းပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်သည်။