ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူများ အပန်းဖြေလည်ပတ်နိုင်ရေး နောင်တာလောရေလယ်ကျွန်းပေါ်တွင် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းအား ဒုတိယအကြိမ် ဖွင့်လှစ်ပေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ သဘာဝတောတောင်ရေမြေကိုအခြေခံသည့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသသစ်များကို စီမံဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နောင်တာလောကျေးရွာအုပ်စုပိုင် ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်း(သဲသောင်ပြင်)ပေါ်တွင် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့သည်။