အ.ထ.က-မိုးမောက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျောင်းသားလူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။