တနိုင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဆင်(မ်)ဆာ့ကောင်း ရပ်ကွက်၊ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ G-11 ကျောင်းသူ/သားလေးများက "ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း" ဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။