ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်းဆင်းပွဲနှင့် ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနက ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအတွက် phpMyAdmin Application Software အသုံးပြုကာ ရုံးတွင်းမှတ်တမ်းများကို Database ပြုလုပ်၍ စနစ်တကျ စီမံခန့်ခွဲနိုင်ရေး ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၉ နာရီက အဆိုပါရုံး မဂျွယ်ဂင်တောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။