ကချင်ပြည်နယ်

ပူတာအိုမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒိသာကျွေးမွေးလှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ဧပြီ (၁၅) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းသင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။

မဟာသင်္ကြန်အကြတ်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် များတွင် သင်္ကြန်ချစ်သူများဖြင့် ယခင်နေ့များထက် ပိုမိုအေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ယမန်နေ့တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသည့် နေရာများနှင့် မြို့ပေါ်ရပ်ကွက်များ၊ ပန်းခြံများတွင် လှည့်လည်သွားလာသူများ၊ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

မချမ်းဘောမြို့၌ မဟာသင်္ကြန်အကြတ်နေတွင် ရေကစားသူများဖြင့် စည်ကား

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ မဟာသင်္ကြန်အကြတ်နေ့တွင် လမ်းလျှောက်သင်္ကြန်ကို နံနက် ၁၀ နာရီမှ စတင်ကာ ရေသဘင်ဆင်နွဲလျက်ရှိပြီး ရေကစားသူများ၊ ဖျော်ဖြေရေးယိမ်းအကအလှများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အကျနေ့) တွင် ပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာရေကစား

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ စုပေါင်းရုံးအရှေ့ ခရိုင်ဗဟိုမဏ္ဍပ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲတော် (သင်္ကြန်အကျနေ့) တွင် ယနေ့နံနက်ပိုင်းမှစတင်၍ သင်္ကြန်ပျော်လာရောက်ကြသည့် ပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ရိုးရာအစဉ်အလာအတိုင်း  စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၁၃ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ ဗဟိုမဏ္ဍပ်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

တနိုင်းမြို့နယ်တွင်​ ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အကြိုနေ့ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင် တနိုင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် ​မြို့မစျေးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ယနေ့ညနေ ၃နာရီကကျင်းပသည်။

မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ စုပေါင်း၍ ရှမ်းရိုးရာဓလေ့နှင့်အညီ ရှမ်းသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ဘိုးဘွားဂါရဝပြုကန်တော့ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားအား ရေစင်သွန်းလောင်းပူဇော်ခြင်းနှင့် ရေကစားခြင်းများကို ယနေ့မွန်းတည့် ၁၂ နာရီက မြစ်ကြီးနားမြို့ နောင်ခမ်းရှမ်းရွာအတွင်းရှိ ကံသာရာမကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရွှေကူမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ်(၃) ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ရဲမှူးမြင့်ဇော်က “မန်းတောင်ရိပ်ခို” သီချင်းဖြင့်သီဆို၍ ယိမ်းအဖွဲ့များမှ  ယိမ်းအကအလှများဖြင့် အေးချမ်းပျော်ရွှင်စွာ ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

မချမ်းဘောမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်၁၁နာရီက အမှတ်(၃)ရပ်ကွက် တောင်တန်းသာသနာပြုကျောင်းရှေ့လမ်းဆုံ၌ ကျင်းပသည်။ 

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ကလပ်အသင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၈)နှစ်အောက် ကလပ်အသင်း ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ မတ် ၂၅ ရက်က စတင်ကျင်းပရာ ဧပြီ ၁၂ ရက် ညနေ ၃ နာရီ တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဘောလုံးကွင်းအတွင်း၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်