ကချင်ပြည်နယ်

ကချင်ပြည်နယ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ၌ လိုအပ်ချက်နှင့် လစ်ဟာမှုများမရှိစေရေးညှိနှိုင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဧပြီ ၁၂ ရက် ညနေပိုင်းက ဧပြီ ၁၃ ရက်တွင် ကျင်းပားမည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများသို့ သွားရောက်ထောက်ပံ့၊ လမ်းလျှောက်သင်္ကြန် ကျင်းပရန် ‌ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး အခြေအနေအရ ခရိုင်/ မြို့နယ်အသီးသီးမှ တိမ်းရှောင်၍ မြစ်ကြီးနားမြို့တွင် လာရောက်ခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင် ပြည်သူ များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယ ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ယနေ့ မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။

မိုးညှင်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧပြီ(၁၃)ရက်မှ (၁၆)ရက်အထိ စုပေါင်းရုံးအရှေ့ခရိုင် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သင်္ကြန်မဏ္ဍပ်နှင့် ယိမ်းအကဖွဲ့များ လိုက်လံကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ သင်္ကြန်မဏ္ဍပ်နှင့် ယိမ်းအကဖွဲ့များအား ယနေ့နံနက်ပိုင်း ၁၀ နာရီက လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များက မြို့မစျေးရှေ့ရှိ ဗဟိုမဏ္ဍပ်၊ မြို့နယ်ရဲစခန်းရှေ့ရှိ ရေကစားမဏ္ဍပ်၊ ရွှေပင်လယ်စားသောက်ဆိုင်ရှေ့ ရေကစားမဏ္ဍပ်၊ ဟူးကောင်းခန်းမရှေ့ ရေကစားမဏ္ဍပ်၊ အ.ထ.က- ၁ ကျောင်းရှေ့ရေကစားမဏ္ဍပ် စုစုပေါင်း မဏ္ဍပ်ငါးခုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မိုးညှင်းမြို့၌ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းစပ်ကော်မတီများဖွဲ့စည်းကာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်သူရပ်ကွက်သားများပူးပေါင်းကာ ကြိုတင်ပြင်ဆင်နေမှုများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပူတာအိုခရိုင်၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါ (ပညာဒါန)သင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် I.P.S.S Putao ကိုယ် ပိုင်မူလတန်းကျောင်းတို့ပူးပေါင်းမှုဖြင့် ကျောင်းသား ကျောင်းသူများ အခြေခံအင်္ဂလိပ်သဒ္ဒါကို တတ်မြောက်နိုင်ရန်၊ နွေရာသီကျောင်းပိတ်သည့်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် ပညာဒါနအဖြစ် ဖွင့်လှစ်သည့် အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ် သဒ္ဒါသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ(၁၀)ရက် ညနေ (၃)နာရီခွဲက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်အတွင်း ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်အောင်ကျင်းပနိုင်‌‌ရေး ယိမ်းအကပြိုင်ပွဲအကဲဖြတ်လုပ်ငန်း‌ကော်မတီက ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များ စိစစ်ရွေးချယ်

ကချင်ပြည်နယ်၊ မြစ်ကြီးမြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတာ် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လမ်းလျှောက်သင်္ကြန်ပွဲတော်များ၊ ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည့်အပြင် ရိုးရာအစဉ် အလာနှင့်အညီ ယိမ်းအကပြိုင်ပွဲများ ထည့်သွင်း ကျင်းပနိုင်ရေး ယိမ်းအကပြိုင်ပွဲအကဲဖြတ်လုပ်ငန်း‌ကော်မတီက ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား စိစစ်ရွေးချယ်ခဲ့ကြသည်။

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဧပြီ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တနိုင်းမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်မည်ဖြစ်ပြီး တနိုင်းမြို့ပေါ်လမ်းတစ်လျှောက် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် ၄ ခု စုစုပေါင်းမဏ္ဍ ၅ ခု ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝန်ကြီးဌာနယိမ်းအဖွဲ့များနှင့် ရပ်ကွက်ယိမ်းများ မြိုင်မြိုင်ဆိုင်ဆိုင် လေ့ကျင့်ပြင်ဆင်လျက်ရှိ

၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ တစ်မူထူးခြား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လမ်းလျှောက်သင်္ကြန်ပွဲတော်များကို နေရာ(၃)နေရာဖြင့် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်သည့်အပြင် မဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ရိုးရာယဉ်ကျေးမှုနှင့်အညီ ထည့်သွင်းကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
Subscribe to ကချင်ပြည်နယ်