ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ခရစ်ယာန်သာသနာပြုကျောင်းများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပြီး မနောကွင်းနှင့် မနောကွင်းမုခ်ဦး တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
ဗန်းမော်မြို့တွင် ရောက်ရှိနေသော ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အတူ ခရစ်ယာန်သာသနာပြုကျောင်းများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ လှူဒါန်းပြီး မနောကွင်းနှင့် မနောကွင်းမုခ်ဦး တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။