ကချင်ပြည်နယ်

ပူတာအိုဒေသထွက် ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်သည် ခက်ခက်ခဲခဲရှာဖွေရသော ဆေးဖက် ဝင်တစ်မျိုးဖြစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ရေခဲတောင်ဒေသအပါအဝင် ရေခဲတောင်များဖုံးလွမ်းရာ တိဘက်ကုန်းမြင့်ဒေသနှင့် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ တစ်သောင်းအထက်တွင်သာ ရှာဖွေတွေ့ရှိနိုင်သည့် ဆေးဖက်ဝင် ရှီးပတီး(ခေါ်) ပိုးဆေးနွယ်ရှင်သည် ခက်ခက်ခဲခဲ ရှာဖွေရသော ဆေးဖက်ဝင်တစ်မျိုးဖြစ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံဝန်ထမ်းမိသားစုများအား နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic) ၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) များကောက်ယူခြင်း နှင့်‌ UID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

ကချင်ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည် နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများအား ကိုယ်ရေးအချက်အလက်(Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် နေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ဆိပ်မူကျေးရွာတွင် ဇူလိုင်(၂၃)ရက် ည (၉)နာရီခန့်က လူနေအိမ်(၃)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဗန်းမော်မြို့နယ် မံရေးစံပြ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လမ်းညွှန်   မှာကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘော၌ မြို့နယ်စုသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်စုသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခု နှစ်ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့နယ်သမဝါယမ ဦးစီးဌာနရုံးခန်းမ၌ကျင်းပခဲ့သည်။

တနိုင်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများသည် ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီမှ စတင်၍ လာရောက်ထုတ်ယူ လျက်ရှိသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကဇူးကျေးရွာ၌ နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသော ပြည်သူများအား ဆန်နှင့်ရိက္ခာခြောက်များ ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား- ဗန်းမော်သွားကားလမ်းပေါ်ရှိ နန်ဆန်ယန်ကျေးရွာမှ ခေတ္တတိမ်းရှောင်လာသော ပြည်သူများအား လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ကဇူးကျေးရွာရှိ တိမ်းရှောင်ပြည်သူများအား ဆန်နှင့်ရိက္ခာခြောက်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ကိုယ်စားပြု ကဏ္ဍအလိုက် ထူးချွန်ဆုများရရှိအောင် စွမ်းဆောင်နိုင်သူများအား ဂုဏ်ပြုချီးမြှင့်၊ ပြည်ထောင်စုလမ်းမကြီးအပါအဝင် မိန်းလမ်းမကြီးများ လမ်းဘေးဝဲ/ယာ အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ၊ ဘက်စုံမှ ပြည်နယ်ကိုယ်စားပြု၍ ကဏ္ဍ များအလိုက် ထူးချွန်ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အားကစားသများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မံစီမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး မိုးရာသီဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အားကစားကွင်း၌ ဇူလိုင် ၂၀ ရက် ညနေ ၄ နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်