ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၌ လမင်းစီမံချက်ဖြင့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ ၏ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် အသက် (၁၀)နှစ်ပြည့် ကျောင်းသား/ ကျောင်းသူများအား ဥပဒေ နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

တနိုင်းမြို့တွင် ရေဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ ဆင်ဆာ့ကောင်းရပ်ကွက်တွင် ရေဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ရပ်ကွက်အတွင်း တနိုင်းချောင်း၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး၊ ဆုများချီးမြှင့်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အား မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့က ဦးဆောင်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား စနစ်တကျ သိုလှောင်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆွေးနွေး 

ကချင်ပြည်နယ်အတွင်း ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းများသယ်ယူ၍ စနစ်တကျ သိုလှောင်ဖြန့်ဖြူးရောင်းချနိုင်ရေး၊ ဈေးကစားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများအား အရေးယူကြပ်မတ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင် ဦးဆောင်သည့် ကချင်ပြည်နယ် အိမ်ဆောက်ပစ္စည်းသယ်ယူသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

မိုးကောင်းမြို့ အ.ထ.က-နောင်ကိုင်တော်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို အ.ထ.က-နောင်ကိုင်တော်၌ ဇွန်(၁၆)ရက် နံနက်ပိုင်းတွင် ကွင်းဆင်းဆောင် ရွက်သည်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့၌ ဧဝံဂေလိကျမ်းစာသင်ကျောင်း၌ ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းဝတ်ပြု 

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်အတူ ဇွန် ၁၆ရက်က မြစ်ကြီးနား တပ်ကုန်းရပ်ကွက်အတွင်းရှိ ဧဝံဂေလိကျမ်းစာသင်ကျောင်း၌ ခရစ်ယာန်အသင်းတော်များနှင့် တွေ့ဆုံမိသဟာယဖွဲ့ခြင်းနှင့် ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်း ဝတ်ပြုခြင်းအစီအစဉ်သို့ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်ပေးခြင်းနှင့် အလုပ်သမားရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီအနေဖြင့် အိမ်တွင်းမှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေကာ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သင်တန်း (၄)ခုလျာ ထားသည့်အနက် ပထမအကြိမ်အဖြစ် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ဇွန် ၁၅ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၊ သင်တန်းခန်းမ၌ ဖွင့်လှစ်သည်။

မိုးညှင်းမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက သာယာကုန်းခေတ်မီစံပြကျေးရွာ အောင်စည်သာယာခန်းမ၌ ကျင်းပသည်။

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်၏လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်‌ကောင်းမွန်စေရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ဝန်ဆောင်မှု အရည်အသွေးမြှင့် တင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်သည် ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။
Subscribe to ကချင်ပြည်နယ်