ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ စားပွဲတင်တင်းနစ်အားကစားခန်းမဖွင့်ပွဲနှင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ တက်ရောက်
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ စားပွဲတင်တင်းနစ် အားကစားခန်းမဖွင့်ပွဲနှင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။