ကချင်ပြည်နယ်

ချီဖွေမြို့နယ် လူထုအခြေုဗဟိုဌာန (Community Centre) ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လူထုအခြေုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်း (၁၁) နာရီက ကျင်းပခဲ့သည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၇၀၄)ဦးဖြေဆိုရာ (၅၀၀)ဦး အောင်မြင်

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ(၉)ရက် နံနက်ပိုင်းက ထွက်ရှိရာ တက္ကသိုလ်စာမေးပွဲဖြေဆို အောင်မြင်သူ (၇၁)ရာခိုင်နှုန်းကျော်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။

ရှင်ဗွေယန်မြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၇၉.၃၁)ရာခိုင်နှုန်း အောင်မြင်

ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၈၇)ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ (၆၉) ဦး အောင်မြင်ကြောင်း သိရှိရသည်။

တနိုင်းမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်  (၇၈.၃၃)ရာခိုင်နှုန်း အောင်မြင်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၆၀) ဦးဝင်ရောက်ဖြေဆိုရာ  အောင်မြင်သူ (၂၈၂)ဦး ရှိကြောင်း သိရှိရသည်။

ဗန်းမော်မြို့နယ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း ယခင်နှစ်များထက် မြင့်မားလာ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက် ၆ နာရီက စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း (၇၅.၁၅) ရာခိုင်နှုန်းအထိရှိပြီး ယခင်နှစ်များထက် အောင်မြင်မှုရာခိုင်နှုန်း မြင့်မား ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်း စာမေးပွဲအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၆)နာရီက စတင်၍ ထုတ်ပြန်ကြေငြာပေးထားကြောင်း သိရသည်။

မံစီမြို့နယ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်း ယခင်နှစ်များထက်မြင့်မားလာ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက် ၆ နာရီက စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်၏ အောင်မြင်မှုရာခိုင်နှုန်း (၆၁ ဒသမ ၁၈) ရာခိုင်နှုန်းအထိရှိပြီး ယခင်နှစ်များထက် အောင်မြင်မှု ရာခိုင်နှုန်းမြင့်မားလျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့တွင်မွေးကင်းစအရွယ်မှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအားပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံကြီး ကလေးအထူးကုသ ဆောင်၌ မွေးကင်းစအရွယ်မှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း ၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဇွန် ၉ ရက် နံနက် ၉ နာရီခန့်က ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လောကဇာတ်ခုံပေါ်မှာ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများကို စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇွန်လ(၉)ရက် နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သူ (၁၂၄၅)ဦးတွင် အောင်မြင်သူ (၉၆၁)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၇၇)ဒဿမ (၁၉)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်