မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မိုးကြိုးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် အများပြည်သူများ မိုးကြိုကာလနှင့် မိုးနှောင်းကာလ များတွင် ဖြစ်ပွားတတ်သော လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်း အန္တရာယ်ကာကွယ်ရေး အသိပညာ များ သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မိုးကြိုးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ ညနေ ၄ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။