ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတဂူစက္ခုဒါနဆေးရုံ၌ ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ယာယီနေရပ်စွန့်ခွာမိသားစုများအား အခမဲ့ဆေးဝါးကုသပေးနေမှု ကြည့်ရှုအားပေး

ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းက နယ်မြေလုံခြုံ‌ရေးအခြေအနေအရ နေရပ် မြို့/ကျေးရွာများကိုစွန့်ခွာ၍ ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အံတော်ရှင် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် သီတဂူစက္ခုဒါနဆေးရုံ၌ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သွာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မိုးညှင်းတက္ကသိုလ်၌ နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီမှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။

မိုးညှင်း၌ မြို့နယ်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ယမန်နေ့နံနက် (၉) နာရီမှစတင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မည် Pilot Project စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မည့် Pilot Project စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မနောမြေပညာရေးစင်တာတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၉ နာရီကကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဒေါ်မာလာဝင်းကလူငယ်စကားဝိုင်းကျင်းပ ရသည့်ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေသတွင်း တိုင်းရင်းသားလူငယ်များအတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကစီစဉ်ဖွင့်လှစ်ပေးသော အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲ၊ ဗန်းမော်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဗန်းမော်ခရိုင်အတွင်းရှိ ဝန်ထမ်းများအတွက်ဖွင့်လှစ်ပေးသည

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကပံ့ပိုးမှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန် ထမ်းဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံပါဝင်သည့် တတိယအကြိမ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံးအားကစားဆပ်ကော်မတီတို့ ပူးပေါင်း ကျင်းပမည့် တတိယအကြိမ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပူတာအိုခရိုင်အတွင်းထွက်ရှိသည့်  ပေချီ(ခေါ်)လန်ဘဆေးဥမှာ ယခုနှစ်တွင်ဈေးကောင်းရရှိသဖြင့် ဆေးဥရှာဖွေသူများပြား

မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ရှားပါးသဘာဝဆေးမြစ်ဆေးဥများထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်များတွင် တရုတ်ဘာသာစကားဖြင့် ပေချီ၊ရဝမ်တိုင်းရင်းသားဘာသာစကားဖြင့် လန်ဘခေါ် ဆေးဥမှာ ဈေးကောင်းရရှိသဖြင့် ရှာဖွေသူများပြားလာကြောင်းသိရသည်။ အဆိုပါ ပေချီ(ခေါ်)လန်ဘဆေးဥများကို ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်မြို့နယ်များရှိ ရေခဲတောင်များဖြစ်သည့် ခါကာဘိုရာဇီရေခဲတောင်၊ ဖုန်ရင်ရာဇီရေခဲတောင်၊ ဂန်လန်ရာ ဇီရေခဲတောင်၊ မဒွယ်ရေခဲတောင်၊ ဖုန်ကန်ရာဇီရေခဲတောင်များ၏ ကျောက်ဆောင်၊ ကျောက်ကမ်းပါးယံနှင့်ရေခဲ တောင်ဒေသရှိ စမ်းချောင်းများ၏ ကျောက်ဖျာများတွင် ပေါက်ရောက်လျက်ရှိသော ဆေးတစ်မျိုးဖြစ်သည်။ ၎င်း ပေချီ(ခေါ်)လန်ဘမှာ ကြက်သွန်နီ/ဖြူဥ ပုံသဏ္ဍန်နှင့်တူပြီး အဖြူရောင်၊ ခရမ်းရောင်နှင့် အစိမ်းရောင်ဟူ၍ အရောင်သုံးမျိုးထွက်ရှိသည်ကိုတွေ့ရှိရသည်။

မြစ်ကြီးနားတက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တင်းနစ် အားကစားပြိုင်ပွဲယှဉ်ပြိုင်မည့်အသင်းများအား ချီးမြှင့်ငွေပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

မိုးညှင်းတက္ကသိုလ်၌ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအထိမ်းအမှတ်အဖြစ် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်