ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် အောင်ချက်မြင့်မားရေးအတွက် သင်ကြားရေးဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံအားပေးထောက်ပံ့
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စားရေရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မိုးညှင်းမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မိုးညှင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြသည်။