မိုးကောင်းမြို့နယ် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) တွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) တွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ထူးရအောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများ၊ ပြည်နယ်နှင့်မြို့နယ်အဆင့် ဆုရရှိသည့် ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို မိုးကောင်းမြို့တော်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီတွင်ကျင်းပခဲ့ရာ အခမ်းအနားကို အ.ထ.က(၂)မိုးကောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာပန်းခင်း”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။