ရွှေကူမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ရွှေကူမြို့၊ မြို့တော်ခန်းမရှေ့ရှိ အလံတိုင်၌ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ် အချိန်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပရာ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အလံကို လွှင့်တင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။