ကချင်ပြည်နယ်

ပူတာအိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်လမ်းဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများအား တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်ရန်အတွက် သောင်တူးဖော်ခြင်းလုပ်ငန်းအား သတ်မှတ် ဒီဇိုင်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တူးဖော်နိုင်ရေး ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း နှစ်စဉ်မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့သည် ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားရလေ့ရှိသည်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် အဓိကစီမံကိန်းလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မြစ်ကြောင်းဖြောင့်တန်းစေပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ဗလမင်းထင်တံတားအောက်ရှိ သောင်တူးခြင်းလုပ်ငန်းအား ယနေ့ နံနက် ၈ နာရီက လုပ်ငန်းစတင် ဆောင်ရွက်ခြင်းအခမ်းအနားကို အဆိုပါသောင်ခုံ၌ ကျင်းပပြုလုပ်သည်။

(၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် အားနည်းချက်/ အားသာချက်များအား ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်းရှိ ထုတ်ကုန်များ ဈေးကွက်ရရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ဖားကန့်မြို့၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ပါတီစုံ ဒီမိုကရေအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မဲပေးစက်ကိုင်တွယ်အသုံး ပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉နာရီက ဖားကန့်မြို့အခြေခံပညာ အထက်တန်းကျောင်းပညာရတနာအခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် ဝိုင်းမော်မြို့နယ်အတွင်း အပိုင်း (၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ဝိုင်းမော်မြို့နယ် အတွင်း မဲရုံ (၂၉)ရုံ ဖွင့်လှစ်၍ မဲဆန္ဒရှင်ပြည်သူများ ယမန်နေ့ နံနက် ၆ နာရီက စတင်ဖွင့်လှစ် လျက်ရှိသော သက်ဆိုင်ရာ မဲရုံအသီးသီး၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုအား ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း(၂) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယမန်နေ့ နံနက်(၆)နာရီမှစတင်၍ ကျင်းပလျှက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လျှို့ဝှက်ဆန္ဒမဲပေးနေမှုများကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေးသည်။

မချမ်းဘောမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ လာရောက်မဲပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီမှ စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျလာရောက်မဲပေးလျက်ရှိသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး မချမ်းဘောမြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများအားကွင်းဆင်းစစ်ဆေး

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ(၁၀)ရက် နံနက်ပိုင်းက ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မချမ်းဘောမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူ များ အေးချမ်းစွာမဲပေးနိုင်ရေးအတွက် မဲရုံများခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကွင်းဆင်းစစ်ဆေးသည်။

ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မိုးကောင်းမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲရုံခင်းကျင်းပြင်ဆင်ထားမှုတို့အား ကြည့်ရှု‌စစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၂)တွင်ပါဝင်သည့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ အီလက်ထရောနစ်မဲပေးစက်ဖြန့်‌ဝေနေမှုနှင့် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲရုံခင်းကျင်းပြင်ဆင်ထားမှုတို့အား ယမန်နေ့တွင် လိုက်လံကြည့်ရှု‌စစ်‌ဆေးကြောင်း သိရသည်။

မချမ်းဘောမြို့နယ်၌ မဲရုံသုံးပစ္စည်းများ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ လွှဲပြောင်းဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မလိခခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်