ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ KBC စခန်းနှင့် လော်ဝေါ်နှစ်ခြင်းအသင်းတော်ဝင်းအတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား ပြောင်းရွှေ့နေရာချထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ယာယီ ခိုလှုံရာစခန်းဖြစ်သောမိုင်းနားကျေးရွာအတွင်းရှိ KBC စခန်းနှင့် လော်ဝေါ်နှစ်ခြင်းအသင်းတော်စခန်း တို့ရှိ ယာယီတိမ်းရှောင်ပြည်သူများအား ပြောင်းရွေ့နေရာချထားပေးနိုင်ရေးအတွက် ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေး၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ရွှေကူမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၉ နာရီက ရွှေကူမြို့ နယ်မြေခံတပ်နယ်ရှိ သူရဇာဟိုင်းထန့်ခန်းမ၌ ကျင်းပသည်။

ဖားကန့်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အနေဖြင့် ကျင်းပမည့်နေ့တွင် မဲရုံသို့ မလာရောက်နိုင်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ(၁၆) ရက်နံနက်ပိုင်မှစတင်၍  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးအခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၁၉)ကြိမ်မြောက်အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်၊ မန်ခိန်နယ်မြေ ၁၂ အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား တွေ့ဆုံထောက်ပံ့

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၁၉)ကြိမ်မြောက်အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းခြင်းအခမ်းအနားကို Polytechnic University (မြစ်ကြီးနား)၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

ရွှေကူမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက   ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး မြစ်ကြီးနားတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများနှင့် အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ဆရာမများ၏ အရည်အသွေးမြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့နယ် ပင်ရဲလှကျေးရွာ၌ (၉)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပင်ရဲလှကျေးရွာ၌ (၉)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ စာပေအသိပညာပေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်နယ်အတွင်းရှိ လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ စာပေ၏အကျိုး ကျေးဇူးများ ပိုမိုသိရှိနားလည်လာစေရန်နှင့် မူးယစ်ကင်းစင်းသည့် လူတော်လူကောင်းများ ဖြစ်ပေါ် လာစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပလန(၁)၊ ခေတ်မီစံပြကျေးရွာ ရွှေပိတောက်ခန်းမ၌ အသိပညာ ပေးဟောပြောပွဲ ကျင်းပခဲ့သည်။

မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံ စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း(၁၀)ရက်မှ တပို့တွဲလပြည့်နေ့အထိ၊ ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ (၆) ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့၏ ဈေးရောင်းပွဲတော်နှင့် ဗန်းမော်တက္ကသိုလ် ဝန်ထမ်းများနှင့် ယာယီတိမ်းရှောင်အိမ်ထောင်စုများအား ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် မြစ်ကြီးနားလေဆိပ်တို့ ပူးပေါင်း၍ လေဆိပ်မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးစီမံချက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနား လေဆိပ်အဆောက်အအုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်