ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဝိုင်းမော်မြို့နယ် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံထောက်ပံ့
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများ နှင့်အတူ ဝိုင်းမော်မြို့နယ် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဝိုင်းမော်ပင်မ ဓာတ်အားခွဲရုံနှင့် မဟာဓာတ်အားလိုင်းမှူးရုံးရှိ ဝန်ထမ်းများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ဝိုင်းမော် မြို့နယ် မိုင်းနားကျေးရွာရှိ အဆိုပါ ဓာတ်အားခွဲရုံရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေး ထောက်ပံ့ ခဲ့သည်။