ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲတက်ရောက်
ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုများအတွက် တစ်နှစ်တာအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် ဆန်းစစ်ဆွေးနွေး၍ ရှေ့ဆောင်ရွက်သွားကြမည့် လုပ်ငန်းအစီအမံများ ဖြည့်စွက်သုံးသပ်နိုင်ရေးအတွက် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။