ပူတာအိုခရိုင်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ပညာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပညာဗဟုသုတ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် မွေ့လျော်လာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပုံပြင်ပြောပြိုင်ပွဲကို အောက်တိုဘာ(၁၄)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။