ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေး မြေစိုက်ပိုစတာ(Bill board) စိုက်ထူပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေး ခြင်းဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) များ စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားများကို ယနေ့နံနက် (၈)နာရီက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။