မိုးညှင်းမြို့၌ Grade-12 သင် ဆရာ/ဆရာမများအား ဒုတိယအကြိမ် TOT ပြန်လည်ဆွေးနွေးပို့ချ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရာ၌ အထောက်အကူဖြစ်စေရေအတွက် Grade-12 သင် ဆရာ/ဆရာမများအား မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခများမှ Online Zoom ဖြင့် ဒုတိယအကြိမ် TOT ပြန်လည်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဆွေးနွေး ပို့ချလျက်ရှိကြောင်း သိရသည်။