မိုးညှင်းမြို့နယ်သို့ အခြားဒေသများမှ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် အခက်အခဲရှိသော ကျောင်းသား/သူများကို ထောက်ပံ့ရေးပစ္စည်းများပေးအပ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သို့ အခြားဒေသများမှ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်ဝင်ရောက်စဉ် လိုအပ်လျက်ရှိသည့် အသုံးအဆောင်ပစ္စည်းများကို ယနေ့မွန်းတည့် (၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများမှ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။