ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း အားကာသိပ္ပံကျောင်း မြေနေရာ အပါအဝင် တိုးချဲ့ကွက်သစ်မြေ ဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ ကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေကာတာနှင့် ရေတားတမံတည်ဆောက်ရေး အတွက် အလှူငွေများ ပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄၈၀ ပေါ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာများ အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများနှင့် တိုးချဲ့ကွက်သစ်မြေနေရာများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။