ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု တားဆီးလျော့ချနိုင်ရေး ညှိနှိုင်းဆွေးနွေး၊ ရေကြည်ချောင်း ရေထိန်းတံခါးတည်ဆောက်မည့် စီမံကိန်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်အတွင်း Fire Hotspot အကြောင်းအရင်း ဖြစ်စေသည့်နေရာဒေသများတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ တားဆီးလျော့ချနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားသည်။