ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ် ဟိုပင်မြို့၌ ဌာနဆိုင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ စာပေ ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ
ကချင်ပြည်နယ်၏ မိုးစပါးစိုက်ပျိုးမှုအများဆုံးနှင့် အဓိကစိုက်ပျိုးရာ ဒေသတစ်ခုဖြစ်သည့် မိုးညှင်းခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆန်စက်၊ ဆီစက်များ အဆင့်မြင့်တင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဟိုပင်ဒေသအတွင်း ဒေသခံပြည်သူများ၊ တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေဆုံပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။