ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယဆုနှင့် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများ ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ် လက်ရွေးစင် အသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အပြင် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများကိုပါ ရရှိခဲ့ပြီး ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။