အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရာဂီမုန်တိုင်းဒဏ်ကြောင့် သီးနှံများပျက်စီးခဲ့သည့် ကယားပြည်နယ်ရှိတောင်သူများအတွက် သွင်းအားစုများပေးအပ်
ကယားပြည်နယ်အတွင်းရှိ ရာဂီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးသီးနှံစိုက်တောင်သူများအား နွေစပါးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။