ကယားပြည်နယ်ဝန်ကြီးချုပ် ကယန်းနှစ်သစ်ကူးနေ့ ပွဲတော်အခမ်းအနား တက်ရောက်
၂၀၂၅ ခုနှစ်၊ ကယန်းတိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ဌာနဆိုင်ရာများ၊ ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။