ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်အဝေး လွိုင်ကော်မြို့၌ ကျင်းပ
ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်အဝေးကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မူလတန်းကြိုကျောင်းခန်းမဆောင်၌ ကျင်းပရာ ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့သည်။