၂၀၂၅ ခုနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
ကယားပြည်နယ်၏ အားကစားအဆင့်အတန်း မြင့်မားလာရေး၊ အားကစားသမားများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာများ မြှင့်တင်နိုင်ရေး၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များကို မြေတောင်မြှောက်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အားကစားကို ချစ်မြတ်နိုးသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။