လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း မရှိသော လမ်းသွား၊ လမ်းလာပြည်သူများအား အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွားလမ်းလာ၊ လူထူထပ်သည့် နေရာများ တွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ နာရီစင် လမ်းဆုံ၊ သီရိမင်္ဂလာဈေးနှင့် မိုင်းလုံးမီးပွိုင့်တို့၌ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။