ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်
ကယားပြည်နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ဘောလခဲ မြို့နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်းကိုယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအ ဝေးခန်းမ၌ ကျင်းပသည်။