ကယားပြည်နယ်မှ သူနာပြု (၂၀) ဦး ရန်ကုန်မြို့ရှိ ဖောင်ကြီးဆေးရုံနှင့် ဒဂုံဆိပ်ကမ်း ဆေးရုံ တို့တွင် ကိုဗစ်-၁၉ လူနာစောင့်ရှောက်မှုများတွင် ကူညီနိုင်ရန်အတွက် လွိုင်ကော်မြို့မှ ထွက်ခွာ
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီ ဆောင်ရွက်နိုင်ရန် အတွက် ကယားပြည်နယ်မှ သူနာပြု(၂၀) ဦးတို့သည် ရန်ကုန်မြို့ရှိ ဖောင်ကြီးဆေးရုံကြီး နှင့် ဒဂုံဆိပ်ကမ်း ဆေးရုံသို့ လွိုင်ကော်မြို့မှ ယနေ့နံနက် ၅ နာရီက ထွက်ခွာခဲ့ ကြောင်းသိရသည်။