ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ပိုမိုသိရှိစေရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉နာရီက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွှဲပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

လွိုင်ကော်ခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်သူများအသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးခြင်း၊

ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဖားဆောင်းမြို့နယ်နှင့်မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဖားဆောင်းမြို့နယ် ပူးပေါင်းစစ်ဆေးရေး ဂိတ်နှင့် မော်ချီးဒေသအမှတ်(၂) စစ်ဆေးရေးဂိတ်၌

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာနေသော ပြည်သူများအား အသိပညာပေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask (၂)ခုကို ငွေကျပ်(၁၀၀၀)နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်း လုပ်ငန်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ် ကုသနိုင်ရန် အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်း လုပ်ငန်းများကိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီအချိန်၌ လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ကယားပိုင်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် ဆင့်ပွားသင်တန်း  ဆက်လက် ဖွင့်လှစ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းလုံး ပါတီစံဒီမိုကရေစီ အထွထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အခြေခံကျသောရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား

လောပိတမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်

ကယားပြည်နယ် ၊ လောပိတမြို့အတွင်းသို့ ဝင်/ထွက် သွားလာသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့် အနေဖြင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ လောပိတမြို့၊ လောကထု ကွက်သစ်ရပ်ကွက် ၊ (၁၀)မိုင်ဂိတ်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 ရွာသစ်မြို့တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲ ဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ရွာသစ်မြို့တွင် ဘောလခဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ကို ယနေ့နံနက်ပိုင်းက စတုမာလာဓမ္မာရုံ၌ ဖွင့်လှစ်ကြောင်း သိရ သည်။

ရပ်ကွက်/​ကျေးရွာအုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ အုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to ကယားပြည်နယ်