ကယားပြည်နယ်

ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားနေ့ချင်းပြီး ဆောင်ရွက်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ ဘောလခဲမြို့နယ်၊ချိကွဲ့ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် (၁၃-၈-၂၀၂၀) ရက်နေ့မှ စတင်၍နိုင်ငံသား စိစစ်ရေးကတ်ပြား များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ(၁၄-၈-၂၀၂၀)ရက်နေ့ မွန်းလွှဲပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Covid - 19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော Cash for work စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က နိုင်ငံတော်မှ ချမှတ်ထားသော (Covid-19) စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်

ရှားတောမြို့နယ်၌ မိုးသီးနှံမိုးစပါးစံပြစိုက်ကွင်းသရုပ်ပြပွဲအခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှားတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မိုးသီးနှံ မိုးစပါးစံပြစိုက်ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တောင်ပိုင်းရပ်ကွက် နတ်စင်ကွင်းတွင် ဆောင်ရွက်ခဲ့သည်။

ဘောလခဲတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေး ကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး Online မှတဆင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင်ယနေ့နံနက်ပိုင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်း ပပျောက်ရေးအတွက် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ အစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲက ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပသည်။
Subscribe to ကယားပြည်နယ်