ကယားပြည်နယ်

(၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ်၊ ထူဒူငံသကျေးရွာ “ဘိုးလာမာလမ်း” ကတ္တရာ လမ်းသစ်ဖွင့်လှစ်

(၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ်ထူဒူငံသကျေးရွာ “ဘိုးလာမာလမ်း” ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၃၁ ရက်က အဆိုပါလမ်းသစ်မုခ်ဦး ရှေ့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများဆန္ဒမဲပေးနေမှု ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲအပိုင်း (၁) အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်က ကယားပြည်နယ်အတွင်း လွိုင်ကော်နှင့်ဘောလခဲမြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူအားလုံးက သက်ဆိုင်ရာမဲရုံများ၌ လာရောက်ဆန္ဒမဲပေးမှုကို  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့်တွေ့ဆုံအားပေး၊ မဲရုံသုံးပစ္စည်းများပို့ဆောင်မှုနှင့် မဲရုံများပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ မဲရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအားတွေ့ဆုံအားပေးပြီး မဲရုံသုံးပစ္စည်းများ ပို့ဆောင်နိုင်ရေးဆောင်ရွက်နေမှုနှင့် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

၂၀၂၅ ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သော နေ့စဉ်လူမှုဘဝများကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ၌ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များတွင်မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

လွိုင်လင်မြို့၌ရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာမဲရုံမှူးနှင့် အဖွဲ့ဝင်များက ထုတ်ယူ၍ တာဝန်ကျရာမဲရုံအသီးသီးသို့ထွက်ခွာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်များ၊ မဲရုံသုံးဆက်စပ်ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းက ထုတ်ယူပြီး တာဝန်ကျရာမဲရုံအသီးသီးသို့ ထွက်ခွာသွားကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ၌ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ကယားပြည်နယ်ဝန်ကြီးချုပ် အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်ချီးမြှင့်

ကယားပြည်နယ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လွိုင်ကော်) အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း အပတ်စဉ်(၂၉) သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Subscribe to ကယားပြည်နယ်