ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (လွိုင်ကော်) နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်ချီးမြှင့်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (လွိုင်ကော်) နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။